Skip to main content

Substantive Equity and Gender Equality from Minorities within Minority to Be Living Peacefully in Federalism

ဖက်ဒရယ်စနစ်အတွင်း လူနည်းစုများအချင်းချင်းကြား အတူတကွ ယှဉ်တွဲနေထိုင်ရေးအတွက် ကျား-မ တန်းတူရေးအပါအဝင် အကျိုးရလာဒ်အပေါ်အခြေခံသည့် တန်းတူရေး မှ ငြိမ်းချမ်းရေးဆီသို့” စကားဝိုင်းဆွေးနွေးပွဲ

စကားဝိုင်း၏ ရည်ရွယ်ချက်များ
၁။ လက်ရှိတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင် နှင့် အာဏာရှင် ဟူသမျှအပါဝင် အမြစ်ဖြတ်တော်လှန်ရန် ရန် ပါဝင်ဦးဆောင်လှုပ်ရှားနေကြသည့် တော်လှန်ရေး အင်အားစုများ၏ ဆောင်ရွက်လှုပ်ရှား နေသည့် လုပ်ငန်းစဥ် များကို စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီအခြေခံ သဘောတရားစွဲကိုင်ပြီး အကောင်အထည် ဖော်ဆောင်စေရန် အတွက် စည်းရုံးလှုံ့ဆော်ရန် နှင့် ဝေဖန်သုံးသပ်ရန်။

၂။ လက်ရှိတော်လှန်ရေးအရွေ့ မြန်ဆန်စေရန်သော်လည်းကောင်း၊ အသွင်ကူးပြောင်းရေးကာလအတွင်း သော်လည်းကောင်း၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်သောကာလတွင် သော်လည်း ကောင်း ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး နှင့် ၎င်း၏ အရေးပါမှုအခန်းကဏ္ဍများကို stakeholder အသိပညာဗဟုသုတများ ရရှိပြီး သတိမူစေရန်။

၃။ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ပါက သာတူညီမျှရေး၊ တန်းတူရေး၊ ကျား-မ တန်းတူရေး အပါအဝင်၊ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရရှိရေး နှင့် အချုပ်အခြာ အာဏာခွဲဝေရေးများနှင့် ပတ်သက်ပြီး Minorities within Minorities - လူနည်းစုအခွင့်အရေးအတွက် အာမခံပေးနိုင် သည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း အရေးပါပုံကို သိရှိစေရန်။

၄။ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ များအတွင်း ကိုယ်ပိုင်းပြဌာန်းခွင့်အပြည့်အဝရရှိရေး၊ နိုင်ငံရေးအခန်းကဏ္ဍအသီးသီး ကိုယ်စားပြုရေးအတွက် Minorities - လူနည်းစုများ၏ ပါဝင်မှုကို အာမခံပေးသည့် လက်တွေ့ လုပ်ဆောင်ချက်များကို ပြည်သူလူထုများ ရှင်းလင်း နားလည်သဘောပေါက်စေရန် အသိပညာ ဗဟုသုတ မြှင့်တင်ပေးရန် စသည့်ရည်ရွယ်ချက်များဖြစ်သည်။