Skip to main content

Job Announcement: Justice and Peace Program Coordinator

                                                                               ဝန်ထမ်းရှာဖွေခေါ်ယူခြင်း

Justice and Peace Program Coordinator

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် မြန်မာနိုင်ငံမှ နောက်ခံသမိုင်းကြောင်း စုံလင်ကွဲပြားသည့် အမျိုး သမီးအဖွဲ့အစည်း(၁၂)ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းထားသော အဖွဲ့ချုပ် ဖြစ်သည်။ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို အခြေခံသော ငြိမ်းချမ်း တရားမျှတသော လူ့ဘောင်အဖွဲ့အစည်းသို့ ရှေးရှု၍ အမျိုးသမီးများ ဘ၀အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက်ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ပါသည်။

 

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)တွင် တာဝန်ထမ်းဆောင်ရန် ဖော်ပြပါ ရာထူးတာဝန်များအတွက် ဝန်ထမ်း ရှာဖွေခေါ်ယူလျက်ရှိပါသည်

 

ခန့်အပ်သောလိုသော ရာထူး

Justice and Peace Program Coordinator

အစီရင်ခံရမည့်သူ

လုပ်ငန်းစဉ်မန်နေဂျာ

Oversee

တွဲဖက်အထွေထွေအတွင်းရေးမှူး-၁

လုပ်ငန်းစဉ် ကာလ

တစ်နှစ်(အစမ်းခန့်ကာလ-၃လ)ဆက်လက်တိုးမြှင့်သွားဖွယ်ရှိသည်

အလုပ်ချိန်

ရုံးချိန် (နံနက်-၉း၀၀ မှညနေ-၅း၀၀) နာရီအထိ (Monday to Friday)

လုပ်ငန်းစတင်မည့်အချိန်

၂၀၂၄ ခုနှစ်၊ မတ်လ

တာ၀န်ထမ်းဆောင်ရမည့်ဒေသ

ထိုင်းနိုင်ငံ

ပညာအရည်အချင်း

တက္ကသိုလ်မှ လုပ်ငန်းနှင့်သက်ဆိုင်သောဘွဲ့တခုခုရရှိသူဖြစ်ရမည်။

ငြိမ်းချမ်းရေး/တရားမျှတရေးဆိုင်ရာမဟာဘွဲ့ (သို့မဟုတ်) Diploma of Justice and Peace  တစ်ခုခု ရရှိပြီးသူအားဦးစားပေးမည်။

အသက်

၂၅ နှစ်အထက်

ဘာသာစကား

မြန်မာဘာသာစကား နှင့် အင်္ဂလိပ် ဘာသာစကား ရေး၊ဖတ်၊ ပြောဆို ရာတွင် ကျွမ်းကျင်သူ ဖြစ်ရမည်။

လစာ

USD 1000-1200 ကြား

လျှောက်လွှာပိတ်မည့်ရက်

ဖေဖော်ဝါရီလ (22)ရက်

လိုအပ်သောအရည်အချင်းများ

  • အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ စံတန်ဖိုးများ၊ ဦးတည်ချက်များ၊ ရည်ရွယ်ချက်များကို အလေးထားပံ့ပိုး ဆောင်ရွက်လိုသူဖြစ်ရမည်။
  • ငြိမ်းချမ်းရေး တရားမျှတရေး၊ တန်းတူညီမျှရေး၊ အမျိုးသမီးများမြှင့်တင်ရေး နှင့် ပူးပေါင်း ပါဝင်ရေး တို့ကို ယုံကြည်မှုရှိပြီး ၎င်းအကြောင်းအရာများနှင့် အကျွမ်းတဝင် ရှိသူ ဖြစ်ရမည်။
  • အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ချမှတ်ထားသော မူ၀ါဒများ၊ လုပ်ငန်းစီမံချက်များနှင့် ဆိုင်သော သဘောတရားများ နှင့်အညီ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
  • အသင်းအဖွဲ့ဖြင့်ပူးပေါင်းလုပ်ဆောင်နိုင်သူ၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
  • ဆက်ဆံရေး ပြေပြစ်မှုရှိပြီး ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု၊ စုံလင်ကွဲပြားမှု နှင့် လူမျိုးကွဲပြား သူများ နှင့် လက်တွဲ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
  • မြန်မာနိုင်ငံသားဖြစ်ပြီး အဖွဲ့ချုပ်၏မူပေါ်လစီအရ (zero tolerance)မူကို လက်ခံယုံကြည်ပြီး မည်သည့် အကြမ်းဖက်မှုမျိုးမဆို ဆန့်ကျင်သူဖြစ်ရမည်။
  • အလုပ်အပေါ်စိတ်ဝင်စားပြီး အာရုံစူးစိုက်ဆောင်ရွက်နိုင်သူဖြစ်ရမည်။
  • လုပ်ငန်းအဆိုပြုလွှာ၊လုပ်ငန်းအစီရင်ခံစာ ရေးနိုင်သူဖြစ်ရမည်။
  • Project Cycle Management နှင့် Project Design ကို ကောင်းမွန်စွာ နားလည်ပြီး နိုင်ငံရေး အခြေအနေ နှင့် ကျား-မ တန်းတူရေး မြှင့်တင်သည့် သဘောတရားကို နားလည်တတ်ကျွမ်းပြီး ကောင်းမွန်စွာစဥ်းစား ပုံဖော်နိုင်သည့်သူ ဖြစ်ရမည်။
  • ဘဏ္ဍာရေးဆိုင်ရာ အဆိုပြုလွှာရေးသားခြင်း၊ အစီရင်ခံစာရေးသားခြင်း အပိုင်းကိုလည်း တက် ကျွမ်း နားလည်သူ ဖြစ်ရမည်။
  • ကျန်းမာရေး ကောင်းမွန်ပြီး အချိန်ပြည့်တာ၀န်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
  • ကွန်ပျူတာ (Excel, Microsoft word, Internet, etc.……)ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ် ရမည်။
  • NGO, CSOs အဖွဲ့အစည်းတွေ၌ Justice and Peaceနှင့် ပတ်သက်သောအတွေ့အကြုံ အနည်းဆုံး (၂) နှစ်နှင့် အထက်ရှိသူ ဖြစ်ရမည်။
  • ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်လက်မှတ် (သို့မဟုတ်) နိုင်ငံကူးလက်မှတ်ရှိရန် လိုအပ်သည်။

 

 

လုပ်ငန်းတာဝန် အနှစ်ချုပ်

Justice and Peace Program Coordinator သည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များ၊ ချမှတ်ထားသော လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးဌာနကို ကြီးကြပ်သော ဘဏ္ဍာရေး မန်နေဂျာနှင့် အဖွဲ့ချုပ်ကို ကြီးကြပ်သော တွဲဖက်အထွေထွေအတွင်းရေးမှူး-၁ တို့၏ကြီးကြပ်မှု နှင့် အချိန်မှီ ပြီးစီးနိုင်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။

 

Justice and Peace Program Coordinator တာ၀န်၀တ္တရားများ

၁။        ကြီးကြပ်သော လုပ်ငန်းစဉ်မန်နေဂျာထံသို့ တိုက်ရိုက်အစီရင်ခံရမည်။

၂။              Justice and Peace လုပ်ငန်းစဉ်တွင် ပါဝင်သော မိမိ၏ Team Member များကို  ကြီးကြပ် တာဝန်ခံရမည်။

၃။            အဖွဲ့ချုပ်၏ လုပ်ငန်းစဉ်အလိုက် လှုပ်ရှားဆောင်ရွက်မှုများကို တွေးဆပုံဖော်ခြင်း၊လက်တွေ့ အကောင်အထည် ဖော်ဆောင်မှုကို ဦးဆောင်ခြင်း၊ ကြီးကြပ်စစ်ဆေးခြင်း နှင့်ပြန်လည်သုံးသပ် ခြင်းများ ဆောင်ရွက်ရမည်။

၄။            အဖွဲ့ချုပ်မှ ချမှတ်လိုက်သည့်Justice and Peace Program နှင့် ပတ်သတ်သည့် မဟာဗျူဟာ များကို အတွင်းရေးမှူးများ၏ တာဝန်ပေးအပ်ချက်အရ လုပ်ငန်းစဉ်မန်နေဂျာနှင့်အတူ လှုပ်ရှား ဆောင်ရွက်မှုများ ပြုလုပ် အကောင်အထည်ဖော်ဆောင်ရွက်ရမည်။

၅။            ဒေသဆိုင်ရာ အလုပ်အဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ သင်တန်းများဆွေးနွေးပွဲများ ကျင်းပပေးခြင်း အစရှိသော လိုအပ်သည့် အကူအညီများ ကူညီထောက်ပံ့ပေးခြင်းနှင့် အလုပ် အဖွဲ့များမှ တင်ပြလာသော လှုပ်ရှားမှုများကို အတည်ပြုပေးပြီးဦးဆောင် တာဝန်ယူဆောင်ရွက် ပေးရမည်။

၆။            လုပ်ငန်းစဉ်များ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် လုပ်ငန်းစဉ် မန်နေဂျာ နှင့် သက်ဆိုင်ရာအတွင်းရေးမှူးနှင့်အတူ ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်ရ မည်။

၇။            အဖွဲ့ချုပ်၏ ခြောက်လပတ် မူ၀ါဒရေးရာဦးဆောင်အဖွဲ့ (Policy Board) အစည်းအဝေးများ၊ လုပ်ငန်းစဉ်နှင့်ပတ်သက်သည့်အစည်းအဝေးများ၊ ညီလာခံများတွင် တင်သွင်းရမည့် Justice and Peace Program လုပ်ငန်းစဥ် အစီရင်ခံစာ အတွက် ကြိုတင်ပြင်ဆင် ရေးသားပြီး လုပ်ငန်းစဉ်မန်နေဂျာထံ ပေးပို့ခြင်းများ ဆောင်ရွက်ရမည်။

၈။            လိုအပ်ချက်ပေါ်အခြေခံပြီး လုပ်ငန်းလှုပ်ရှားမူအစီရင်ခံစာအား ကြီးကြပ်သော လုပ်ငန်းစဉ် မန်နေဂျာ၏ ညွှန်ကြားချက်အရ ပြင်ဆင်ရေးသားပြီး ယင်းလှုပ်ရှားမှု အစီရင်ခံစာကို ကြီးကြပ် သော အတွင်းရေးမှူးထံသို့ ပေးပို့ခြင်းများ ဆောင်ရွက်ရမည်။

၉။            လုပ်ငန်းစဉ် ၀န်ထမ်းများအကြား ပုံမှန်လုပ်ဆောင်သည့် အစည်းအဝေးကို ဦးဆောင်ကျင်းပခြင်း ပြုလုပ်ရမည်။

၁၀။         လုပ်ငန်းစဉ်ကိုကူညီထောက်ပံ့မည့် အလှူရှင်များထံသို့ ပေးပို့သည့် ရံပုံငွေတောင်းခံလွှာနှင့် ခန့်မှန်းခြေ အသုံးစရိတ်များနှင့် ပတ်သက်၍လုပ်ငန်းစဉ်မန်နေဂျာ၊ဘဏ္ဍာရေးဌာနကို ပံ့ပိုးကူညီ ဆောင်ရွက်ရမည်နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။

၁၁။         အသုံးစရိတ်များကို ကနဦး ရံပုံငွေတောင်းခံလွှာ၏ သတ်မှတ်ချက်ထက် မကျော်လွန်ရန် ကြီးကြပ် တာဝန်ယူဆောင်ရွက်ရမည်။

၁၂။          မိမိနှင့်သက်ဆိုင်သည့်လုပ်ငန်းစဉ်၏ ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံစာပြင်ဆင်ရန် ဘဏ္ဍာရေးမှူးနှင့် အတူ ဆောင်ရွက်ရမည်။

၁၃။         လုပ်ငန်းစဉ်၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သုံးစွဲထားသည့် ငွေရပြေစာ များ ပြည့်စုံခြင်းရှိမရှိ စစ်ဆေးမှုလုပ်ဆောင်ခြင်းကို ကြီးကြပ်တာ၀န်ခံပေးရမည်။ 

၁၄။          လစဉ် (သို့မဟုတ်) လှုပ်ရှားမှုများအတွက် လိုအပ်သော အသုံးစရိတ်များအတွက် ကြိုတင်ငွေ တောင်းခံခြင်း၊ အသုံးပြုပြီးသော ငွေစာရင်းများကို ရှင်းတမ်းများနှင့်အတူအကျဉ်းချုပ်ကို ဘဏ္ဍာ ရေး ဌာနသို့ တာ၀န်ခံပေးပို့ရမည်။

၁၅။         လှုပ်ရှားမှုများ ပြုလုပ်ပြီးတိုင်း ()ပတ်အတွင်း ငွေစာရင်းရှင်းတမ်းအချုပ်အား လုပ်ငန်းစဉ် မန်နေဂျာနှင့် ဘဏ္ဍာရေးမှူးထံ တင်ပြရမည်။

၁၆။ လုပ်ငန်းစဉ်အကောင်အထည်ဖော်ရာတွင် အဖွဲ့ချုပ်၏မူပေါ်လစီအရ လိုအပ်သည့်quotation ကောက်ယူရာ၌ လမ်းညွှန်ပေးခြင်း ကြီးကြပ်ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ရမည်။                

၁၇။         မိမိ၏လုပ်ငန်းစဉ်နှင့်ပတ်သက်သည့်စာရွက်စာတမ်းများ ထုတ်ဝေဖြန့်ချီရေး လုပ်ငန်းအဆင့်ဆင့် လုပ်ဆောင်နိုင်ရေး အတွက် ကြီးကြပ်သော လုပ်ငန်းစဉ်မန်နေဂျာနှင့်အတူညှိနှိုင်းကာ ဦးဆောင် လုပ်ကိုင်ခြင်း များ ပြုလုပ်ရမည်။

၁၈။         အတွင်းရေးမှူးအဖွဲ့၏ တာဝန်ပေးချက်အရ မိမိလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် နိုင်ငံတကာ ညီလာခံများ၊ စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းစဉ်များအတွက် လိုအပ်သော အချက်အလက်များကို ကူညီပံ့ပိုးပေးမှုများ ပြုလုပ်ပေးရမည်။

၁၉။        လုပ်ငန်းလိုအပ်ချက်အရ ပြည်တွင်းနှင့် နိုင်ငံတကာညီလာခံများ၊ နှီးနှောဖလှယ်ပွဲများ၊ အစည်း အဝေးများ၊ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက်ရန် အတွင်းရေးမှူးအဖွဲ့မှ တာဝန် ပေးအပ်လာပါက တက်ရောက်ရမည်။                           

၂၀။          အဖွဲ့ချုပ်နှင့်ပတ်သတ်၍ အတွင်းရေးမှူးအဖွဲ့မှ ပေးအပ်သော လုပ်ငန်းတာဝန်များကို လုပ်ဆောင် ရမည်။

၂၁။          အဖွဲ့ချုပ်လုပ်ငန်းစဉ်နှင့်သက်ဆိုင်သော အချက်အလက်အကြောင်းအရာများကို လျှို့ဝှက်စွာ (confidencial)ထိန်းသိမ်းရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးရမည်။

၂၂။           အဖွဲ့ချုပ်မှ ပြုလုပ်သော ပုံမှန် အစည်းအဝေးများကို တက်ရောက်ရမည်။                 

၂၃။          လုပ်ငန်းအစီအစဥ်အားလစဥ်ရေးဆွဲ၍ လစဥ်ပထမအပတ်တွင် HR နှင့် အတွင်းရေးမှူးအဖွဲ့ ထံသို့ ပေးပို့ရမည်။

 

စိတ်ပါ၀င်စားများအနေဖြင့် မိမိ၏ ကိုယ်ရေးရာဇ၀င်၊ Reference check person (၃)ဦးရဲ့ အမည်၊  ရာထူး၊ အဖွဲ့အစည်းအမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်နှင့်အတူ အတွင်းရေးမှူးရုံးသို့လိပ်မူပြီး   secretariat@ womenofburma.org  and [email protected], သို့ (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့၊ ညနေ (၅း၀၀)နာရီထက် နောက်မကျပဲ အီးမေးလ် (Email)ဖြင့် ပေးပို့လျှောက် ထားနိုင်ပါ သည်။

 

*Short List တွင်ပါ၀င်သူများကိုအင်တာဗျူးအတွက် ဆက်သွယ်မည် ဖြစ်သည်။