Skip to main content

International Women's Day 2024

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ သမိုင်းကြောင်း

 (International Women's Day )အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့)ဟာ မတ်လ ၈ရက်နေ့မှာ ကျရောက်ပြီး  ကမ္ဘာအရပ်ရပ်မှာ နှစ်စဉ် ကျင်းပခဲ့ပါတယ်။  ဒီနေ့ကို ကမ္ဘာလုံးဆိုင်ရာအမျိုးသမီးများရဲ့ အခွင့်အရေးများ၊ လွတ်လပ်ခွင့်များနဲ့ စီးပွားရေး၊ နိုင်ငံရေး၊  လူမှုရေး  အခြေခံကဏ္ဍများမှာ ပိုမိုတိုးတက်ခွင့်ရရှိရန်အတွက် အရေးကြီးသောနေ့အဖြစ် သတ်မှတ်ကျင်းပကြပါတယ်။

 

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံကတော့ ၁၉၀၈ ခုနှစ်မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့က အလုပ်သမားအမျိုးသမီးများ ၁၅,၀၀၀ ကျော်ဟာ အလုပ်ချိန် လျှော့ချပေးဖို့၊ လစာတိုးပေးဖို့နဲ့ အမျိုးသမီးများမဲပေးပိုင်ခွင့်ရရေးတို့အတွက် တောင်းဆိုဆန္ဒပြမှုများ ဆောင်ရွက်ခဲ့ပြီး ဒီလှုပ်ရှားမှုဟာ ကမ္ဘာလုံးဆိုင်ရာအမျိုးသမီး အရေးလှုပ်ရှားမှုတွေရဲ့  အဦးအစ ဖြစ်ခဲ့ပါတယ်။

၁၉၁၀ ခုနှစ်မှာ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး အလုပ်သမားများ ညီလာခံမှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သတ်မှတ်ဖို့ကို ကလားရာဇက်ကင် (Clara Zetkin) အမည်ရှိ ဂျာမန်ဆရာမတစ်ဦးက အဆိုပြုခဲ့ပြီး ၁၉၁၁ ခုနှစ်မှာ ပထမဆုံး ကမ္ဘာ့အမျိုးသမီးများနေ့ကို ဩစတီရီးယား၊ ဒိန်းမတ်၊ ဂျာမနီနဲ့ ဆွစ်ဇာလန်နိုင်ငံတို့မှာ အမျိုးသား အမျိုးသမီးစုစုပေါင်းတစ်သန်းကျော်တက်ရောက်ကာ စတင်ကျင်းပခဲ့ပါတယ်။

၁၉၇၅ ခုနှစ်မှာတော့ ကမ္ဘာ့ကုလသမဂ္ဂက မတ်လ ၈ ရက်နေ့ကို ကမ္ဘာ့ အမျိုးသမီးများနေ့အဖြစ် တရားဝင် အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဟာ လိုအပ်နေဆဲဖြစ်တဲ့

  • အမျိုးသမီးများ၏ အခွင့်အရေးများကို အားပေးရန်။
  • လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးအခွင့်အရေးများတွင် အမျိုးသမီးများ၏ ပါဝင်မှုကို ပိုမို တိုးတက်စေရန်။
  • အမျိုးသားနှင့် အမျိုးသမီး အခွင့်အရေး  ညီမျှရေးကို ကမ္ဘာတစ်ဝှမ်း တိုက်တွန်းရန် တို့အတွက် ရည်ရွယ်ပြီး အမျိုးသမီးများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ရပ်ကို တည်ဆောက်ရန် ရည်မှန်းချက်ဖြင့် ကြိုးစားခဲ့၊ ကြိုးစားနေဆဲသူများကို အသိအမှတ်ပြု ဂုဏ်ပြုတဲ့အနေနဲ့ ပါ  ကမ္ဘာတစ်ဝှမ်း လူမျိုးဘာသာမရွေး ယနေ့တိုင်ကျင်းပနေပါတယ်။

The History of International Women's Day

International Women's Day (IWD) takes place every year on the 8th of March  and is celebrated in many countries around the world. This day is recognized as important day to highlight women's rights, freedoms, and to promote greater progress for women in economic, political, and social sectors.

The idea of International Women's Day originated in 1908 when 15,000 women workers in New York City held demonstrations demanding reduced working hours, wage increases, and voting rights for women. This movement became the initial spark for global women's rights movements.

In 1910, Clara Zetkin, a German teacher, proposed establishing International Women's Day at the International Women Workers' Conference in Copenhagen, Denmark. In 1911, the first International Women's Day was celebrated in Austria, Denmark, Germany, and Switzerland, with more than one million men and women participating.

In 1975, the United Nations officially recognized March 8th as International Women's Day.

The purpose of International Women's Day is :

  • To support and promote women's rights
  • To enhance women's participation in social, political, and economic opportunities
  • To advocate for gender equality worldwide

Today, International Women’s Day is celebrated globally, recognizing the efforts of those who have fought and continue to fight for a better future for women, regardless of nationality, ethnicity, or religion.