Saturday October 21st 2017

Insider

Archives

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ ၁၇ နှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ကြေငြာချက်

PDF1 pdf download ယူရန်

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၉) ရက်

WLB_17YearAnniversary

ယနေ့ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့သည် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကို ဖွဲ့စည်း
တည်ထောင်ခဲ့သည့် (၁၇) နှစ်ပြည့် အခါသမယပင်ဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)သည်
တိုင်းရင်းသားတန်းတူရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးနှင့် အမျိုးသမီးများ
ဦးဆောင်မှုအခန်းကဏ္ဍတွင် ပိုမိုပါဝင်လာနိုင်စေရေးတို့အတွက် သမိုင်း နောက်ခံမတူညီသည့် တိုင်းရင်းသူ
အမျိုးသမီးအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင် အဖွဲ့အစည်း (၁၃)
ဖွဲ့ရှိသည်။

(၁၇) နှစ်တာကာလအတွင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် မိမိတို့ရည်မှန်းချက်ရောက်ရှိစေရန်
ဦးတည်လျှက် အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီရေးအတွက် လုပ်ဆောင်နေသော တိုင်းရင်းသား
အင်အားစုများ၊ မဟာမိတ်အင်အားစုများ နှင့်အတူ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်လာခဲ့ပေသည်။ တပြိုင်
နက်တည်းတွင် နိုင်ငံ၏ စနစ်ဆိုးဒဏ်ကို ခံစားလာခဲ့ရသည့် အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ
အမျိုးသမီးများ၏ နစ်နာမှုများအတွက် တရားမျှတမှု ရရှိစေရေးတို့ကိုပါ အစဉ် တစိုက် လုပ်ဆောင်လာခဲ့သည်
မှာ ယနေ့တိုင်ပင်ဖြစ်သည်။

သို့သော်လည်း နိုင်ငံစနစ် ပြုပြင်ပြောင်းလဲလာနေသည့် အချိန်ကာလမှာပင်လျှင် တိုင်းရင်းသားဒေသများအတွင်း
ထိုးစစ်ဆင်မှုများ ပိုမိုဆိုးရွားစွာ ဖြစ်ပွားနေပြီး ပဋိပက္ခဖြစ်ပွါးရာနေရာများတွင်သာမက နိုင်ငံတ၀ှမ်းတွင် အမျိုးသမီး
များ၏ ဘ၀လုံခြုံမှုသည် နေအိမ် ပြင်ပတွင်မက ယင်းတို့နေထိုင်ရာ နေအိမ်များ၌ပါ လုံခြုံမှုကင်းမဲ့လာပြီး
တရားဥပဒေပိုင်းဆိုင်ရာအရ ကာကွယ်ပေးနိုင်မှု မရှိသည်ကို တွေ့ရသည်။

ပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးအား သက်ဆိုင်ရာအဖွဲ့များမှ အဓိကထား
လုပ်ဆောင်နေသည့် ကာလတွင် ရှမ်းမြောက်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍
နောက်ဆက်တွဲ ဖြစ်ပေါ်နေသော အခြေအနေများ သည် လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်ကို များစွာထိခိုက်နိုင်သည်
ဟု မိမိတို့မှ ရှုမြင်သည်။

နိုင်ငံစနစ်မည်သို့ပင်ပြောင်းလဲလာစေကာမူ အမျိုးသမီးများ၏ ဘ၀လုံခြုံမှုကို အာမခံချက်ပေးနိုင်မည့် ကာကွယ်
တားဆီးမှုများ၊ တရားမျှတမှုများ ဆောင်ကြဉ်ပေးနိုင်ခြင်းမရှိပါက နိုင်ငံ၏ ပြန်လည်သင့်မြတ်ရေး၊ ရေရှည်ငြိမ်းချမ်းမှု၊
လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် အမျိုးသမီးများဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ အန္တိမရည်မှန်းချက်ဖြစ်သော ငြိမ်းချမ်း၍ တရားမျှတသည့်
လူ့ဘောင်သစ်တခု ပေါ်ပေါက်လာစေရေးအတွက် အမျိုးသားတန်းတူရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ
စနစ် ပေါ်ပေါက်လာစေရေးအတွက် သက်ဆိုင်ရာ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်
အင်အားစုများ အားလုံးမှ တိုင်းပြည်၏ အနာဂတ်ကို ရှေ့ရှု၍ တိုင်းရင်းသားပြည်သူ တရပ်လုံးကို မျက်နှာမူကာ
ဖြေရှင်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းအပ်ပါသည်။ မိမိတို့ အဖွဲ့ချုပ်မှလည်း အခြားသော တိုင်းရင်းသား
အင်အားစုများ၊ မဟာမိတ်အဖွဲ့အစည်းများနှင့်အတူတကွ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တိမ်မြုပ်နေသော
အောက်ခြေထု အမျိုးသမီးတို့၏ အသံနှင့် အကြမ်းဖက်ခံအမျိုးသမီးတို့အတွက် တရားမျှတမှုများရရှိစေရေးကို
အမျိုးသမီးအရေး၊ ကျား၊မတန်းတူရေးဆောင်ရွက်နေသော အမျိုးသမီးအဖွဲ့များ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့်
ဆက်လက်ဖော်ထုတ်သွား မည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် မိမိတို့ အဖွဲ့အစည်းတည်ထောင်သည့်
(၁၇) နှစ်ပြည့် အခါ သမယတွင် ထုတ်ပြန်ကြေညာ လိုက်သည်။

ဆက်သွယ်ရန် ဂျူလီယာ မာရစ်(ပ်) (အထွေထွေအတွင်းရေးမှူး) ၀၉ ၇၉၀ ၇၆၃ ၄၇၄
စောစံငြိမ်းသူ (မူဝါဒရေးရာ ဦးဆောင်အဖွဲ့) ၀၉ ၄၂၁၇ ၃၄၆၇၆
မွန်းနေလီ (မူဝါဒရေးရာ ဦးဆောင်အဖွဲ့) ၀၉ ၇၈၃ ၅၃၈ ၇၁၇